Rainbow JAM Japanese Language School

စဉ်ဆက်မပြတ် တိုးတက်နေတဲ့ခေတ်မှာ
စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူတွေသာ
အနာဂတ်​ကို စိုးပိုင်ခွင့်ရှိမည်ဟု
Rainbow Jam Japanese Language School ဂျပန်ဘာသာ သင်တန်းကျောင်းက ခံယူထားပါတယ်။

ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ပညာသင်လိုသူ၊ အလုပ်လုပ်လိုသူတွေသာမက ဂျပန်နှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံနေသူအားလုံးအတွက် ရည်ရွယ်ပါတယ်။

Rainbow Jam Japanese Language School သင်တန်းဆရာများသည် ၀ါရင့်ဆရာများ၊ ဂျပန်နိုင်ငံတွင် နှစ်ရှည်လများ နေထိုင်သူများဖြစ်၍ ဘာသာစကားကိုသာမက ဂျပန်နှင့်ပတ်သက်သော ဥပဒေ၊ ယဉ်​​ကျေးမှု၊ အလုပ်အကိုင်အခွင့်အလမ်းများကိုပါ အကြံပေးဆွေးနွေးပေးနိုင်သူများ ဖြစ်ကြပါတယ်။

ဘာသာပြန်လုပ်ငန်းကိုလည်း Rainbow Jam Japanese Language School မှာ စိတ်တိုင်းကြ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

သင်တန်းသားများ အဆင်ပြေမည့်အချိန်ကိုလည်း ညှိနှိုင်းတက်ရောက်နိုင်ပါတယ်။ သင်တန်းကာလကိုလည်း အနည်းဆုံး ၃လ သင်ခန်းစာမှ အဆင့်မြင့်တန်းအထိ လေ့လာသင်ယူနိုင်အောင် စီစဉ်ထားပါတယ်။

ခေတ်ကာလနှင့် ကိုက်ညီပြီး အဆင့်မြင့် ထိရောက်သော သင်ခန်းစာများကို လိုအပ်သော သင်ထောက်ကူပစ္စည်းများနဲ့ အားဖြည့်သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဂျပန်စကားလေ့လာပြီးသူများအတွက်လည်း Level အလိုက် ဆက်လက်လေ့လာနိုင်အောင် စီစဉ်ပေးထားပါတယ်။

သင်တန်းပျက်ကွက်သူများအတွက်လည်း Online မှပြန်လည်လေ့လာနိုင်အောင် စီစဉ်ထားပါတယ်။

Levelတိုင်း 5, 4, 3 Skills နှင့် Kanji အပြင် စားမေးပွဲအတွက် မေးခွန်းဟောင်းများနှင့် လေ့ကျင့်သင်ကြားပေးပါမယ်။ အင်တာဗျုးများအတွက်လည်း အကောင်းဆုံး အကြံပြု၊ ပြင်ဆင်မှုများ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။

Rainbow Jam Japanese Language School မှ သင်တန်းသူများအတွက် အထူးအစီအစဉ်ကတော့ အချိန်နှင့်အမျှပြောင်းလဲနေသော ဂျပန်နှင့်ပတ်သက်သော စည်းမျဉ်း၊ ဥပဒေများ၊ ပညာရေးအစီအစဉ်များ၊ စကော်လားရှစ်၊ သတင်းထုတ်ပြန်ချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဘာသာပြန်ဆို အသိပေးနေမည်ဖြစ်ပါတယ်။

သန့်ရှင်းခေတ်မီအေးချမ်းလုံခြုံသော Rainbow Jam Japanese Language School သင်တန်းခန်းမသစ်ကြီးမှ သင့်ရဲ့ ဂျပန်အိမ်မက်ကို စတင်အသက်ဝင်ပါစေတော့....။

Rainbow JAM Japanese Language School မှာ October လ (26) ရက်နေ့ တွင် Section (E) ဂျပန်ဘာသာတန်းခွဲသစ်ကို ထပ်မံ ဖွင့်လှစ်ပါမည်၊

အတန်းချိန်သစ်
Sunday 1 pm - 4 pm
Saturaday 9 am - 12 pm
Monday 1 pm - 4 pm

သင်တန်းအပ်နှံရန် အတွက် ( 3 × 4 cm ) အရွယ်၊
နောက်ခံအပြာဖြင့် ဓါတ်ပုံ (၃) ပုံ လိုအပ်မှာဖြစ်ပြီး ၊ သင်
တန်းအပ် ဖောင်ဖြည့်ပေးရပါမယ် ။

သင်တန်းကျောင်း လိပ်စာနှင့် ဖုန်းနံပါတ်များကတော့ -

Rainbow JAM Japanese Language School

No.(240/242), 4 Floor, Seik Kan Thar Street, Kyauktada Tsp, Yangon.
09 442626880,09 254049934 & 09 785162491
ရုံးချိန် နေ့စဉ် ( 9 AM ~ 5 PM)

------------------------ x -------------------------

သင်တန်း Page တွင် အချိန်ဇယားများတင်ပေးထား
ပါသည်။ ၎င်းအချိန်ဇယားများမှ လွဲ၍အခြားအချိန်များ
မရှိသေးပါ။

တစ်ဦးတည်း သင်ကြားခြင်း၊ အိမ်လိုက်သင်ခြင်း
မပြုလုပ်ပါ။

သင်တန်းစုံစမ်းခြင်း၊ အပ်နှံခြင်း၊ ခွင့်တိုင်ကြားခြင်း
များအတွက် ဖော်ပြထားသည့် Reception ဖုန်း သို့သာ
တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ပေးပါရန်။

ကျေးဇူးအထူးတင်ပါသည်။